ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်၌ ဥပဒေပြုရေးကော်မတီ အစည်းအဝေးခန်းမတွင် တနင်္သာရီ တိုင်းဒေသကြီး ရေချို ငါးလုပ်ငန်းနည်းဥပဒေနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ထွေးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးမှာ (၁၁း၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။