ဒေါ်တင်တင်ရီ

၁။ အမည် -
ဒေါ်တင်တင်ရီ
၂။ အခြားအမည် -
-
၃။ လူမျိုး/ဘာသာ -
ဗမာ/ ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -
၆/မအရ(နိုင်)၀၇၉၅၂၃
၅။ မွေးသက္ကရာဇ် -
၂၃-၁၁-၁၉၄၆
၆။ မွေးဖွားရာဇာတိ -
ဈေးတန်းရပ်ကွက်၊ မြိတ်မြို့
၇။ ပညာအရည်အချင်း -
ဥပဒေဘွဲ့ L.L.B
၈။ ယခင်အလုပ်အကိုင် -
မှီခို
၉။ ပါတီအမည် -
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၀။ အဖအမည်၊အလုပ်အကိုင် -
ဦးလှဖေ၊ စခန်းမှူး(ငြိမ်း)
၁၁။ အမိအမည်၊အလုပ်အကိုင် -
ဒေါ်နု၊ မှီခို
၁၂။ ဇနီး/ခင်ပွန်းအမည်၊အလုပ်အကိုင် -
ဦးဂျွန်ခင်မောင်၊ ကြီးကြပ်ရေးမှူး(ငြိမ်း)၊ မြို့နယ်ကုန်သွယ်ရေး၊ မြိတ်မြို့
၁၃။ သား/သမီးအမည်၊အလုပ်အကိုင် -
၁။ မမာလာခင်၊ မှီခို
၂။ မသူဇာခင်၊ အထက်တန်းပြ
၃။ မောင်ဝင်းဇော်ခင်၊ (NGO) ငှက်ဖျား
၄။ မောင်သန့်ဇော်ခင်၊ ဆေးကုမ္ပဏီ
၁၄။ ရွေးကောက်ခံရသည့်လွှတ်တော် -
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော်
၁၅။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -
ကျွန်းစု မဲဆန္ဒနယ်
၁၆။ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်သည့် နေ့ရက် -
-
၁၇။ နေရပ်လိပ်စာ -
အမှတ်(၄)၊ ဗိုလ်ဗထူးလမ်းသွယ် (၇)၊ ခယူတောရပ်ကွက်၊ မြိတ်မြို့
၁၈။ ဖုန်းနံပါတ် -
-
၁၉။ ကိုယ်ရေး အကျဉ်း -

ငယ်စဉ်က အခြေခံပညာကို သန်းဖိုရပ်၊ အ.မ.က မြိတ်မြို့၊ အ.မ.က ဘုတ်ပြင်းမြို့၊ အ.မ.က ပုလောမြို့၊ အ.ထ.က (၂) မြိတ်မြို့နှင့် အ.ထ.က (၁) မြိတ်မြို့တို့တွင် သင်ကြားခဲ့ပြီး ဥပဒေရေးရာဌာန၊ တက္ကသိုလ် စာပေးစာယူသင်တန်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ မြိတ်မြို့၊ တနင်္သာရီမြို့တို့တွင် မြို့နယ်ကုန်သွယ်ရေး၊ အထက်တန်းစာရေး အဖြစ် လည်းကောင်း၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ကော့သောင်းမြို့တို့တွင် ဥပဒေအကျိုးဆောင် ရှေ့နေအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။ မြို့နယ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ (အရေးအခင်းကာလ) ဥပဒေရေးရာမှူး အဖြစ်လည်းကောင်း၊ NLD မြို့နယ် ဦးဆောင်ကော်မတီဝင်၊ အမျိုးသမီး အဖွဲ့ခေါင်းဆောင်၊ လူထုလူတန်းစား တာဝန်ခံ၊ တနင်္သာရီတိုင်း ဥပဒေရေးရာမှူး၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ မြို့နယ် ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်း ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်၊ တနင်္သာရီတိုင်း တောင်သူလယ်သမား ရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စသည်တို့ ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ် စာပေးစာယူဌာန၊ မြိတ်မြို့တွင် စေတနာ့ဝန်ထမ်းဆရာ အဖြစ် (၂)နှစ် ဆောင်ရွက်ခဲ့သည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ- ၅(ည)အရ ပြစ်ဒဏ်(၇)နှစ်နှင့် အထူးခုံရုံး၏ မတရားအသင်း အက်ဥပဒေ ပုဒ်မ-၁၇/၁အရ (၂) မှု၊ (၃) နှစ် + (၃) နှစ် စုစုပေါင်း (၁၃)နှစ် ကျခံ ခဲ့ဖူးသည်။

11.7915484, 98.5178025