ဦးအောင်စိုး

၁။ အမည် -
ဦးအောင်စိုး
၂။ အခြားအမည် -
-
၃။ လူမျိုး/ဘာသာ -
ဗမာ/ ဗုဒ္ဓ
၄။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -
၆/သရခ(နိုင်)၀၀၅၀၆၉
၅။ မွေးသက္ကရာဇ် -
၂၉.၅.၁၉၆၀
၆။ မွေးဖွားရာဇာတိ -
ဆင်ပုနစ်ရပ်၊ ထားဝယ်မြို့
၇။ ပညာအရည်အချင်း -
စက်မှု၊ အ.ထ.က T.H.S (Machine) အောင်
၈။ ယခင်အလုပ်အကိုင် -
နိုင်ငံရေး
၉။ ပါတီအမည် -
တစ်သီးပုဂ္ဂလ
၁၀။ အဖအမည်၊အလုပ်အကိုင် -
ဦးဘရှီ (ကွယ်လွန်)
၁၁။ အမိအမည်၊အလုပ်အကိုင် -
ဒေါ်လှကြည် (ကွယ်လွန်)
၁၂။ ဇနီး/ခင်ပွန်းအမည်၊အလုပ်အကိုင် -
ဒေါ်ဥမ္မာစိုး၊ မှီခို
၁၃။ သား/သမီးအမည်၊အလုပ်အကိုင် -
မပွင့်ဖြူဖြူအောင်၊ ဆိုင်ရောင်း(Baby Store)
၁၄။ ရွေးကောက်ခံရသည့်လွှတ်တော် -
ဒုတိယအကြိမ်
ပြည်သူ့လွှတ်တော်
၁၅။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် -
သရက်ချောင်း မဲဆန္ဒနယ်
၁၆။ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်သည့် နေ့ရက် -
-
၁၇။ နေရပ်လိပ်စာ -
အမှတ်(၆၁)၊ လမ်းမတော်လမ်း၊ မြို့မရပ်ကွက်၊ သရက်ချောင်းမြို့
၁၈။ ဖုန်းနံပါတ် -
-
၁၉။ ကိုယ်ရေး အကျဉ်း -

ငယ်စဉ်က အခြေခံပညာကို အ.မ.က မော်ရှည်ကုန်း၊ သရက်ချောင်းမြို့နှင့် အ.ထ.က သရက်ချောင်းမြို့တို့တွင် သင်ယူခဲ့ပြီး မော်လမြိုင်မြို့၊ စက်မှုလက်မှု အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သည်။ အမှတ်(၂)သတ္တုတွင်းဌာန (ဟိန္ဇဲ) စီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ(အဖွဲ့ချုပ်)၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (အရန်)နှင့် တိုင်းဥက္ကဋ္ဌ၊ မြို့နယ်လမ်းစဉ် လူငယ်ခေါင်းဆောင် နှင့် လူငယ်နိဗ္ဗာန်ဆော်အသင်း (အတွင်းရေးမှူး) တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပုဒ်မ ၅၁(စ)ဖြင့် နေအိမ်အကျယ်ချုပ် (၂)နှစ် (၉ လေးလုံးအရ) ပြစ်ဒဏ်ကျခံခဲ့ဖူးသည်။

13.8650592, 98.2498741