မူဝါဒ

လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်၍ လုံခြုံမှုရှိရေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့််တည်ငြိမ်အေးချမ်းရေး

လွတ်လပ်ခြင်းနှင့် တရားမျှတရေး ၊ ရိုးသားမှုနှင့် သိက္ခာရှိရေး

ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပြည်သူများပူးပေါင်းပါဝင်ရေး

တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး

စုပေါင်းညှိနှိုင်းဆောင်ရွက်ရေးနှင့်စွမ်းဆောင်ရည်ပြည့်ဝရေး

ရည်မှန်းချက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအလွှာ အသီးသီး အား ကိုယ်စားပြု၍ ယင်းတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဖော် ဆောင်ပေးနိုင်သည့် လွှတ်တော်တစ်ရပ် ဖြစ်လာစေရန်နှင့် လောကပါလ တရားသုံးပါးဖြစ်​သော တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတို့ ထွန်းကားစေပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်သော ဥပဒေပြုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်ဖြစ်ပါသည်။

အဓိကလုပ်ငန်းတာဝန် (၄)ရပ်

ပြည်သူ့ဘဝလုံခြုံတိုးတက်စေရန်အတွက်လိုအပ်သောဥပဒေများ ပေါ်ပေါက်လာစေရန် ဥပဒေပြုခြင်း

ပြည်သူလူထုအား ကိုယ်စားပြုခြင်း

အုပ်ချုပ်ရေးနှင့်တရားစီရေးဆိုင်ရာအဖွဲ့အစည်းများ၏ဆောင်ရွက် ချက်များကို အပြန်အလှန်ထိန်းညှိခြင်း

လွှတ်တော်ကိုယ်စားလှယ်များနှင့်လွှတ်တော်ရုံးဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရေးဆောင်ရွက်ခြင်း

ဆောင်ပုဒ်

ပြည်သူ့အသံ   -   လွှတ်တော်အသံ

ပြည်သူ့ဆန္ဒ   -   လွှတ်တော်ဆန္ဒ

ပြည်သူတို့မျှော်လင့်ချက်   -   လွှတ်တော်ကဖော်ဆောင်ရွက်