တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခြင်း

***************************************************************************

၂၂.၁.၂၀၂၁၊ ထားဝယ်

ယနေ့နေ့လည်(၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော်ရုံးကအသစ် ပြင်ဆင်ရေးဆွဲထားသည့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ(ပထမမူကြမ်း)နှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်အကြံပြုနိုင်ရန် ဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ထွေးအပါအဝင် အဖွဲ့ဝင်(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တာ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးတို့တက်ရောက်ပြီး အစည်းအဝေးကို (၁၅၀၀)နာရီအချိန်တွင် ရုပ်သိမ်းပါသည်။