တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီအစည်းအဝေး

တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီအစည်းအဝေး
*****************************************************************************
၁၆.၁၂.၂၀၂၀၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သော ဌာနာအဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအား ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းနိုင်ရေးတင်ပြလာချက်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တာ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီမှ ယနေ့ နေ့လည်(၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးမှ အစီရင်ခံစာအပေါ် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးကို(၁၅၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။