တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်ခြင်း
*************************************************************************************
၁၄.၁၂.၂၀၂၀၊ ထားဝယ်
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်(တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်) နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့ထားသည့် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏ မြေယာအငြင်းပွားမှုကိစ္စများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ (၄)ခုအပေါ် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအား မှာကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌနှင့် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို (၁၁၂၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။