စီမံကိန်း၊ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း
************************************************************************************************
၃.၁၀.၂၀၁၉၊ ထားဝယ်
ယနေ့ နေ့လည်(၁၄:၀၀)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအနက် ပြီးစီးခြင်းမရှိ သေးသည့် လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဖြည့်စွက် ရန်ပုံငွေတွင် ထည့်သွင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး (၁၅:၀၅) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။