တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း
**************************************
၂၇.၈.၂၀၂၀၊ ထားဝယ်
  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီသည် ပြည်သူများက တင်ပြတိုင်ကြားလာသည့် တင်ပြစာ/တိုင်ကြားစာများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၇.၈.၂၀၂၀) ရက်၊ နံနက် (၁၀၀၀ ) နာရီမှ   (၁၁၀၀)နာရီအထိ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ‌‌ရေးရာ ကော်မတီအစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
   အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင် နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။