တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်သူများက တင်ပြတိုင်ကြားလာသည့် မြေယာအငြင်းပွားမှု တိုင်ကြားစာများနှင့်ပတ်သက်၍ ကြားနာပွဲ ပြုလုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်သူများက တင်ပြတိုင်ကြားလာသည့် မြေယာအငြင်းပွားမှု တိုင်ကြားစာများနှင့်ပတ်သက်၍ ကြားနာပွဲ ပြုလုပ်ခြင်း
*************************************************************************************
၂၆.၆.၂၀၂၀၊ ထားဝယ်
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ပြည်သူများမှတင်ပြတိုင်ကြားလာသည့် တိုင်ကြားစာများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ကြားနာပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကြားနာပွဲသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနနှင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး(၁၁၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။