တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့် လေ့လာ သုံးသပ်ရေးအဖွဲ့သို့ ပြည်သူများက တင်ပြတိုင်ကြားလာသည့် မြေယာအငြင်းပွားမှု တိုင်ကြားစာအပေါ် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့် လေ့လာ သုံးသပ်ရေးအဖွဲ့သို့  ပြည်သူများက တင်ပြတိုင်ကြားလာသည့် မြေယာအငြင်းပွားမှု တိုင်ကြားစာအပေါ် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း
*************************************************************************************
၁၅.၈.၂၀၂၀၊ ထားဝယ်
တိုင်း‌ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တိုင်း‌ဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ် ဦးတိုးလွင်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၀၈း၀၀) နာရီအချိန်၌ သရက်‌ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာသို့ သွားရောက်ခဲ့ပြီး ပဲဒက်(အထက)ကျောင်း မြေနေရာအငြင်းပွားမှုကိစ္စနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပဲဒက်(အထက)ကျောင်း၌ (၁၁း၁၅)နာရီအချိန်တွင် သရက်ချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ‌‌ရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး၊ ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ပဲဒက်(အထက)ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ပဲဒက်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး၍ သိရှိလိုသည်များမေးမြန်းခဲ့ကြပြီး တွေ့ဆုံပွဲမှာ (၁၄း၀၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။