တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်သူများက တင်ပြတိုင်ကြားလာသည့် မြေယာအငြင်းပွားမှု တိုင်ကြားစာအပေါ် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

တိုင်း‌ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး လွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်(၀၉း၃၀)နာရီအချိန်၌ လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့်စာရင်းအင်းဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်သူများမှ တင်ပြလာသည့် တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးသိရှိလိုသည် များကို မေးမြန်းခဲ့ကြပါသည်။ ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁း၃၀)နာရီ အချိန်တွင် လောင်းလုံးမြို့နယ်၊ ကျောက်တွင်းကျေးရွာ အုပ်စု၊ ဝဲမကိုက်‌ကျေးရွာရှိ ရာဘာခြံသို့ သွားရောက်၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထွက်ခွာလာခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ (၁၇း၄၅ )နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြပါသည်။