ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကျင်းပပြုလုပ်ခြင်း
*********************************************************************************************************************
၂၁.၁.၂၀၂၁၊ ထားဝယ်


ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)အား Covid-19ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျ လိုက်နာ ဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် သတင်းမီဒီယာ (၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး က ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၇)ဦးရှိသည့်အနက် (၂၅)ဦး တက်ရောက်ခဲ့ သဖြင့် စုစုပေါင်း (၉၂.၅၉%) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည်   အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ(၃)ပုံ(၁)ပုံထက်ကျော်လွန်တဲ့ အတွက် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(ဒုတိယနေ့) အစည်းအဝေး   တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု‌ငွေစာရင်းနှင့် ပြုပြင်ပြီးရသုံးခန့်မှန်း ခြေငွေစာရင်း အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စီးပွားရေးကော်မတီမှ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးတရား  လွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ (၁.၁၀.၂၀၁၆) ရက်နေ့မှ (၃၁.၁၂.၂၀၂၀) ရက်နေ့အထိ တရားစီရင်ရေးရာ၊ စီမံ ရေးရာ၊ ထောက်ပံ့ရေးရာဆောင်ရွက်ချက်များအခြေအနေကို တင်ပြသည့်အစီရင်ခံစာ အား တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားရှင်းလင်းတင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာကော်မတီက ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သက်တမ်း(၅)နှစ် တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာ အား တင်သွင်းခြင်းနှင့် တိုင်း‌ ဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေး၊ ရေလုပ်ငန်းနှင့်သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သက်တမ်း (၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက် အစီရင်ခံစာ အား တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ပြည်သူများ၏တိုင်ကြားစာ၊အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်းလုပ်ငန်း ဆောင်ရွက်မှု တင်ပြချက်အစီရင်ခံစာအား တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း  တို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) ကို ( ၁၂၀၆ )နာရီအချိန်တွင်ရပ်နားခဲ့ပြီး (၁၉) ကြိမ်မြောက် ပုံမှန် အစည်းအဝေး(တတိယနေ့)ကို(၂၂.၁.၂၀၂၁)ရက်၊(သောကြာနေ့)၊(၁၀၀၀)နာရီအချိန်တွင် ဆက်လက်  ကျင်းပသွားမည်ဖြစ်ပါသည်။