ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကျင်းပပြုလုပ်ခြင်း
***********************************************************************************
၂၀.၁.၂၀၂၁၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)အား Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဉီးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆) ဦးတို့နှင့် သတင်းမီဒီယာ( ၅ ) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၇)ဦးရှိသည့်အနက် (၂၆)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၉၆.၂၉%) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည်   အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေထက်ဝက်ကျော်လွန်တဲ့အတွက်  ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြမေးခွန်း(၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး  ဥပ‌ဒေချုပ်က တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဥပဒေရေးရာ၊ အမှုလိုက်နှင့် ဥပဒေအသိ ပညာပေးဆိုင်ရာဆောင်ရွက်ချက်များအစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်‌တော်သို့ ဖတ်ကြား ရှင်းလင်းတင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော် အခွင့်အရေးဆိုင်ရာကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် သက်တမ်း(၅)နှစ်တာကာလအတွင်းလုပ်ငန်းဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာအား တင်သွင်း ခြင်းနှင့် တိုင်း‌ဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် သက်တမ်း(၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာအား တင်သွင်း ခြင်းနှင့်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၁၁၂၄) နာရီ အချိန်တွင်ရပ်နားခဲ့ပြီး (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို(၂၁.၁.၂၀၂၁)ရက်၊ (ကြာသပတေးနေ့)၊ (၁၀၀၀)နာရီအချိန်တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။