Folke Bernadotte Acedemy အဖွဲ့အစည်းနှင့် Online Meetingပြုလုပ်ခြင်း
*****************************************************************************
၁၈.၉.၂၀၂၀၊ ထားဝယ်မြို့
ယနေ့ နေ့လည် (၁၃:၃၀ )နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်း၌ Online Meeting ဖြင့်တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့ တက်ရောက်ခဲ့ကြကာ Folke Bernadotte Acedemy အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် Folke Bernadotte Acedemy (FBA), Rule of Law Programme- Rule of Law Integrated Knowledge Approach (RIKA) ၏ ၂၀၂၀-၂၀၂၁ တွင် ပြုလုပ်ဆဲဖြစ်သော အစီအစဉ်များတွင်ပါဝင်သော သင်တန်းအစီအစဉ်များအား ပိုမိုကောင်းမွန် အဆင့်မြှင့်တင်ရန်အတွက် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး (၁၄:၃၀ )နာရီ အချိန်တွင် ပြီးစီးခဲ့ပါသည်။
Folke Bernadotte Acedemy အဖွဲ့အစည်းနှင့် Online Meetingပြုလုပ်ခြင်း
