တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီအစည်းအဝေး

ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
*******************************************************
၁၈.၁၂.၂၀၂၀၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ လုပ်ငန်းကြီးကြပ်စစ်ဆေးရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်ဝေ(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ရုံး)နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် တိုးတက်ကောင်းကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကျပ်(၁၀)သန်းအောက် လုပ်ငန်းဖြစ်သည့် (၆)ခန်းတွဲ (၂)ထပ် ဝန်ထမ်းနေအိမ် အရှေ့ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ယာဉ်ရပ်နားရန် နေရာဆောက်လုပ်ခြင်းလုပ်ငန်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် Young and Bravo ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကျပ်(၁၀)သန်းအောက်လုပ်ငန်းဖြစ်သည့် လွှတ်တော်ရုံးဝင်း အတွင်း/အပြင် လူသွားစင်္ကြန်လမ်း (၁၃၇၇၂)ပေ ဆေးသုတ်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။