ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
*****************************
၂၁.၉.၂၀၂၀၊ ထားဝယ်မြို့
ယနေ့ (၁၆း၁၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့ဝင်များသည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာ မျှော်ရစ်ဘုရားသြဝါဒစရိယဆရာတော်အားဖူးမြော်ခဲ့ပြီး
 (၁၆း၄၀)နာရီအချိန်တွင် မျှော်ရစ်ဘုရား၌ ရေတိုက်စား၍ ပျက်စီးသွားသည့်တံတားအား သွား‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြား၍ (၁၇း၁၅)နာရီအချိန်တွင် ပြန်လည်ထွက်ခွာလာခဲ့ပါသည်။