သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ အများပြည်သူ၏သဘောထားရယူသည့် တွေ့ဆုံဆွေးနွေးပွဲ Virtual Meeting (online) သို့တက်ရောက်ခြင်း

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ အများပြည်သူ၏သဘောထားရယူသည့်  တွေ့ဆုံဆွေးနွေးပွဲ Virtual  Meeting (online) သို့တက်ရောက်ခြင်း
*****************************************************************************
၂၃.၉.၂၀၂၀၊ ထားဝယ်မြို့
ယနေ့ ‌နံနက် (၀၉:၀၀ )နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်း၌  တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်းတို့သည် Covid -19 ‌‌‌ရောဂါအခြေအနေအရ Virtual  Meeting (online) ဖြင့် ပြုလုပ်သည့် “မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်း” (Myanmar National Food and Agriculture System Project-NFASP) ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ အများပြည်သူ၏ သဘောထားရယူသည့်  တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ Ms. Mio Takada ,Word Bank Team Leader မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊  NFASP ESMF Focal ၏ စီမံကိန်းဒါရိုက်တာမှ စီမံကိန်းဆိုင်ရာအချက်အလက်များအားရှင်းလင်းတင်ပြ ခြင်း၊ တက်ရောက်သူများမှ ESMF ဆိုင်ရာ စိုက်ပျိုး‌ရေးကဏ္ဍ၊ ဆည်မြောင်း ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ နှင့် သမဝါယမကဏ္ဍများနှင့် စပ်လျဉ်း၍ မေးမြန်း ခြင်း၊ တာဝန်ရှိသူများမှပြန်လှန်ဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ကြပြီး (၁၂:၁၀) နာရီ အချိန်တွင် ပြီးစီးခဲ့ပါသည်။