တည်ဆောက်ရေးလုပ်ငန်း၏ဆောင်ရွက်ပြီးစီးမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

တည်ဆောက်ရေးလုပ်ငန်း၏ဆောင်ရွက်ပြီးစီးမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
*****************************************************************************
၂၄.၉.၂၀၂၀၊ ထားဝယ်မြို့
ယနေ့ ‌ နေ့လည် (၁၄း၀၀)နာရီအချိန်တွင်  တိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံး‌ငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ရွှေသန္တာထွန်းကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်လျက်ရှိသော  ဝန်ထမ်းနေအိမ် (၆)ခန်းတွဲ (၁) ထပ် (၉၀’x၄၀’) (၁)လုံးဆောက်လုပ်ခြင်းလုပ်ငန်း၏ (၁၀၀%) ပြီးစီးဆောင်ရွက်ထားရှိမှုအခြေအနေ၊ အရည်အသွေးပြည့်မီမှု ရှိ/မရှိ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် အချက်များအား မြေပြင်ကွင်းဆင်း၍  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။