ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပခြင်း
********************************************************************************
၁၁.၉.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ (၁၁.၉.၂၀၂၀) ရက်နေ့၊ (၁ဝး၀၀) နာရီအချိန်တွင်စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇) ဦး ၊ ဖိတ်ကြား၍တက်ရောက်သူ (၁၁) ဦးနှင့် သတင်းမီဒီယာ  (၃) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
 အစည်းအဝေး၌တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၄) ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းထားသော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသ ကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ် ခြင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး အပန်းဖြေစခန်းများဆိုင်ရာဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုကြောင်းဆုံးဖြတ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံ‌ငွေ(G.R.F)မှရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း သည့်အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်း ဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မြေယာ အငြင်းပွားမှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏  လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြု ချက်များပါဝင်သောအစီရင်ခံစာအမှတ်စဉ် (၁ / ၂၀၂၀ )၊ ( ၂ / ၂၀၂၀)၊(၃/၂၀၂၀)၊ (၄/၂၀၂၀) တို့အား တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်း တင်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေး (စတုတ္ထနေ့)ကို (၁၂:၃၉) နာရီအချိန်တွင်‌ ရပ်နားခဲ့ ပါကြောင်းနှင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။