မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲ

မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲ
******************************************************
**********************
၁၀.၉.၂၀၂၀၊ထားဝယ်မြို့
ယနေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် Bright Blue Water International Corporation Company Limited တို့ ပူးပေါင်း၍ မြိတ်ခရိုင်၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်  မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်  မှ  တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်  မှ  တာဝန်ရှိသူများက  ရေပေးဝေရေးစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည့် ကိစ္စများအား မေးမြန်းဆွေးနွေးခဲ့ကြပြီး (၁၅ ၅၅ )နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။