ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ

ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ
*****************************************************************************
၃.၉.၂၀၂၀၊ ထားဝယ်မြို့
ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး ၊ တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား ခြင်း၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရမှ ထီးခီးဒေသမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များမေးမြန်းခြင်း နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခြင်း တို့ကိုဆောင်ရွက်ခဲ့ကြပြီး  (၁၂၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည် ။