ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း
********************************************************************************
၁၀.၉.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ (၁၀.၉.၂၀၂၀) ရက်နေ့၊ (၁ဝး၀၀) နာရီအချိန်တွင်စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၇) ဦးနှင့် သတင်းမီဒီယာ  (၁) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးကဆောင်ရွက်ခဲ့ပါသည်။
 အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သော ကြယ်ပွင့်ပြမေးခွန်း (၃) ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားသက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာ ရေးနှစ် တနင်္သာရီတိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အား တိုင်းဒေသ ကြီး လွှတ်တော်သို့တင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်ကိုဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အပန်းဖြေ စခန်းများဆိုင်ရာဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက ၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံ‌ငွေ(G.R.F)မှရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့်အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၁၁:၂၀) နာရီအချိန်တွင် ရပ်နားခဲ့ပြီး (၁၇)ကြိမ် မြောက်ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို (၁၁.၉.၂၀၂၀) ရက်၊(သောကြာနေ့)၊ (၁၀:၀၀) နာရီအချိန် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။