၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများအားလုံး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများအားလုံး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
*********************************************************
*********************
၄.၉.၂၀၂၀၊ ထားဝယ်
ယနေ့နေ့လည်(၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်း အဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအားလုံး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန နှင့် ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဌာနဝန်ကြီး၊ တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်များနှင့် တက်ရောက်လာသော တိုင်းဒေသကြီးဌာနဆိုင်ရာ များမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများ အားလုံး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၁၇း၀၅)နာရီအချိန်တွင် ကျင်းပပြီးစီး ခဲ့ပါသည်။