ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပခြင်း
**********************************************************
*********************
၄.၉.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)အား Covid-19 ‌ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ( ၇ ) ဦးနှင့် သတင်းမီဒီယာ (၄ ) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထား သောကြယ်ပွင့်ပြ မေးခွန်း (၃)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက်ကို ဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ မြို့ပြဖွံ့ဖြိုးရေး အဆိုပြု တည်နေရာအပိုင်း (၁)စီမံကိန်း အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီး လွှတ်‌တော် (၁၇) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို (၁၁း၀၆) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။