ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း
************************************************************************************************
၂၆.၁၁.၂၀၁၉၊  ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်လေ့လာရေးအဖွဲ့သည် (၂၆.၁၁.၂၀၁၉) ရက်နေ့ ယနေ့နံနက်(၀၉း၀၀) နာရီအချိန်၌ ကယားပြည်နယ်လွှတ်တော်ရုံး ရေးရာကော်မတီအစည်းအဝေးခန်းမတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဝင်များနှင့် ကယားပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး (၁၁း၂၀) နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးစီးခဲ့ပါသည်။