မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း
************************************************************************************************
၂၉.၁၁.၂၀၁၉၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်လေ့လာရေးအဖွဲ့သည် (၂၉.၁၁.၂၀၁၉) ရက်နေ့  ယနေ့နံနက်(၀၉း၃၀) နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမငယ်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦး‌အောင်ကျော်ဦး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဝင်များနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးခြင်း၊ မေးမြန်းခြင်းနှင့်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး (၁၁း၃၅)နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးစီးခဲ့ပါသည်။