အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းနှင့်တင်ဒါစိစစ်ရွေးချယ်ခြင်းအခမ်းအနား

အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းနှင့်တင်ဒါစိစစ်ရွေးချယ်ခြင်းအခမ်းအနား
************************************************************************************************
၁၀.၁၂.၂၀၁၉၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဝင်များသည် ယနေ့နေ့လည် (၁၃း၀၀) နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၂)ခု၊ မော်တော်ယာဉ် (၁)စီးဝယ်ယူခြင်းလုပ်ငန်း(၁)ခုတို့နှင့်စပ်လျဉ်း၍ အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းနှင့်တင်ဒါစိစစ်ရွေးချယ်ခြင်းအခမ်းအနားကိုဆောင်ရွက်ခဲ့ပြီး (၁၄း၂၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။