တင်ဒါ‌အောင်မြင်သောကုမ္ပဏီများအား ထုတ်ပြန်ကြေညာနိုင်ရေးနှင့်စပ်လျဉ်း၍ တင်ဒါကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

တင်ဒါ‌အောင်မြင်သောကုမ္ပဏီများအား ထုတ်ပြန်ကြေညာနိုင်ရေးနှင့်စပ်လျဉ်း၍ တင်ဒါကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး
************************************************************************************************
၁၁.၁၂.၂၀၁၉၊ ထားဝယ်မြို့
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရနှင့်  တင်ဒါကော်မတီဝင်များသည် ယနေ့နံနက် (၁၀း၀၀) နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း(၂)ခု၊ မော်တော်ယာဉ် (၁)စီးဝယ်ယူခြင်းလုပ်ငန်း(၁)ခုတို့ကို တင်ဒါ‌အောင်မြင်သောကုမ္ပဏီများအား  ထုတ်ပြန်ကြေညာနိုင်ရေးနှင့်စပ်လျဉ်း၍ တင်ဒါကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ဒါအောင်မြင်သောကုမ္ပဏီများအား စိစစ် ရွေးချယ်အတည်ပြုခြင်းများဆောင်ရွက်ခဲ့ပြီး (၁၀း၅၀) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။