မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိ ပညာပေး ဟောပြောပွဲ အခမ်းအနား

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိ
ပညာပေး ဟောပြောပွဲ အခမ်းအနား
************************************************************************************************
၂၀.၁၂.၂၀၁၉၊ ထားဝယ်မြို့
ယနေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးနှင့် ဝန်ထမ်းများသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ဦးသန်းထွဋ်ဦး နှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် မီးသတ် သရုပ်ပြပွဲတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး (၁၄၀၀)နာရီအချိန်တွင် အခမ်းအနားပြီးစီးခဲ့ပါသည်။