နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လူမျိုးအမည် ထည့်သွင်းရေးဆိုင်ရာကိစ္စရ့ပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ

နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် လူမျိုးအမည် ထည့်သွင်းရေးဆိုင်ရာကိစ္စရ့ပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ
*******************************************************************************************************************
၁၅.၁.၂၀၂၀၊ ထားဝယ်
  ယနေ့ နေ့လည်(၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်း‌ဒေသကြီး လွှတ်တော်ရုံးအစည်းအ‌ဝေးခန်းမ၌  နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် လူမျိုးအမည် ထည့်သွင်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ‌
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊   တိုင်းဒေသကြီးအစိုးရအဖွဲ့၊   လူဝင်မှု
ကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ ၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ တာ၀န်ရှိသူများ၊  မေတ္တာလက်ကမ်းအဖွဲ့နှင့် မြိတ်ဒေသအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း တို့မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံဆွေး‌နွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက မှတ်ပုံတင်ရရှိရေးနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ လူမျိုးအမည် ထည့်သွင်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း  လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း ၊ မေတ္တာလက်ကမ်းအဖွဲ့နှင့် မြိတ်ဒေသအတွင်းရှိအရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက တိုင်းရင်းသားလူနည်းစုများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိနိုင်ရေး ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများ ၊  လုပ်ဆောင်ပေးနိုင်မည့် အချက်များကို သိရှိလိုကြောင်း မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာ၀န်ရှိသူများမှ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး  (၁၆၀၀)နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးစီးခဲ့ပါသည် ။