၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်း(၂)ခုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်း(၂)ခုအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
****************************************************************************************************
၂၁.၁.၂၀၂၀၊ ထားဝယ်မြို့
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တင်ဒါအရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှတာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်း (၂)ခုဖြစ်သည့် ဝန်ထမ်းနေအိမ်(၆)ခန်းတွဲ(၁)ထပ် (၉၀'×၄၀')တည်​​ဆောက်​​ခြင်းလုပ်ငန်းနှင့် ရေဂါလန်(၁၃၀၀၀)ဆံ့ (၃၁' ၆" ×၁၂'× ၆' ၁၀") ရေစုကန် (၂)ခုနှင့်ရေဂါလန်(၅၀၀၀)ဆံ ရေစင်(၂)ခုတည်ဆောက်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။