ထားဝယ်မြို့နှင့် ပတ်ဝန်းကျင်ဒေသ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကော့သောင်းမြို့ ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Plan) ကိစ္စ လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေး ကျင်းပခြင်း

ထားဝယ်မြို့နှင့် ပတ်ဝန်းကျင်ဒေသ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကော့သောင်းမြို့ ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Plan) ကိစ္စ လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေး ကျင်းပခြင်း
**************************************************************************************************************
၂၂.၁.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်း‌ဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ထားဝယ်မြို့နှင့် ပတ်ဝန်းကျင်ဒေသ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကော့သောင်းမြို့ ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီးအစည်းအဝေး အား  (၁၃း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။