ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပခြင်း
**************************************************************************************
၂၉.၁.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ( ၂၉ . ၁ .၂၀၂၀) ရက်နေ့၊(၁ဝး၀၀)နာရီ အချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဉီးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ (၃၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်  ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးနှင့် တွဲဖက် အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင် ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက်  တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့်ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၃) ခု အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၉ - ၂၀၂၀ ခု ၊ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေစာရင်း အား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်း‌‌ဒေသကြီးလွှတ်တော်  စီမံကိန်း ၊  ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီမှအစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း၊ တနင်္သာရီတိုင်းဒေသကြီးစာရင်းစစ်ချုပ်က တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ(၆)လအတွက် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ကို တိုင်းဒေသကြီးလွှတ်‌တော်သို့ ဖတ်ကြားရှင်းလင်းတင်ပြခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်(၁)နှစ်တာကာလအတွင်း နယ်မြေဒေသ အခြေအနေအစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်‌တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို (၁၂း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို (၃၀.၁.၂၀၂၀)ရက်၊  (ကြာသပတေးနေ့)၊ (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။