ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပခြင်း
******************************************************************************************************
၃၀.၁.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌(၃၀. ၁ .၂၀၂၀) ရက်နေ့၊(၁ဝး၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ( ၈ )ဦးတို့ တက် ရောက်ခဲ့ကြပြီး     အခမ်းအနားမှူးအဖြစ်  ဦးမြင့်ဝေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် တွဲဖက် အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေးတက်ရောက်မှု အခြေအနေကို မှတ်တမ်း တင်ခြင်း၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၅) ခု အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု ၊ ဘဏ္ဍာရေး နှစ်ဖြည့်စွက်ခွင့်ပြုငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခြင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ အဆိုပြုမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းပုံစံအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီက မျက်မှောက်ခတ်ဆလုံလူမှုဘဝ အခြေအနေနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ကို (၁၁း၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကို (၃၁.၁.၂၀၂၀) ရက်၊  (သောကြာနေ့)၊ (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပါသည်။