ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပခြင်း
*******************************************************************************************
၃၁.၁.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌(၃၁.၁ .၂၀၂၀) ရက်နေ့၊(၁ဝး၀၀)နာရီ အချိန်တွင်စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၇)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦးနှင့် လေ့လာသူ သတင်းမီဒီယာ(၁၈)ဦး တို့ တက် ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်  ဦးမြင့်ဝေ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် တွဲဖက် အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၅) ခု အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့်သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်း ဒေသကြီးစာရင်းစစ်ချုပ်မှ တင်သွင်းထားသော တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေအစီအစဉ်တွင် ပါဝင်သောဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ(၆)လအတွက် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဥ်း၍ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ ၏ သုံးသပ်အကြံပြုချက်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းခြင်း၊  
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ထားဝယ်မြို့ အဆိုပြုမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းပုံစံနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်း၊ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာ‌‌ရေးနှင့် စီးပွားရေးကော်မတီ၏ လေ့လာ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အား ဖတ်ကြားရှင်း လင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခြင်း တို့ကိုဆောင် ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၅)ကြိမ် မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကို ( ၁၂း၃၅ ) နာရီအချိန်တွင် ရပ်နားခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို (၃.၂.၂၀၂၀) ရက်၊  (တနင်္လာနေ့)၊ (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်  ပါသည်။