တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏ ဆောက်လုပ်ရေးဆိုင်ရာအခက်အခဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား

တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏ ဆောက်လုပ်ရေးဆိုင်ရာအခက်အခဲများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား
******************************************************************************************
၃၁.၁.၂၀၂၀၊ ထားဝယ်
ယနေ့ နေ့လည်(၁၄၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌  တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဆောက်လုပ်ရေး ဆိုင်ရာအခက်အခဲများကို တင်ပြဆွေးနွေးလိုခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့် အမှာစကား ပြောကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို (၁၆၃၀) နာရီတွင် ပြီးစီးခဲ့ပါသည်။