ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကျင်းပခြင်း
****************************************************************************************
၃.၂.၂၀၂၀၊ ထားဝယ်
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ (၃. ၂ .၂၀၂၀) ရက်နေ့၊ (၁ဝး၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ(၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး အဖြစ်  ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးနှင့်တွဲဖက်အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင် ခြင်း၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြ မေးခွန်း (၅) ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များ က ပြန်လည် ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ တင်သွင်းထားသော တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင် သော ဌာနအဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လအတွက် ရသုံးမှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုနှင့် စပ်လျဥ်း၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးခြင်းနှင့်  တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီက တင်သွင်းထားသော မျက်မှောက်ခေတ် ဆလုံလူမှု ဘဝအခြေအနေနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား         တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကို (၁၂း၁၀) နာရီအချိန်တွင် ရပ်နားခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၄.၂.၂၀၂၀) ရက်၊ (အင်္ဂါနေ့)၊ (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။