ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကျင်းပခြင်း
**********************************************************************************
၄.၂.၂၀၂၀၊ ထားဝယ်
     ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ (၄.၂.၂၀၂၀) ရက်နေ့၊(၁ဝး၀၀)နာရီအချိန်တွင်စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦးနှင့်လေ့လာသူ သတင်းမီဒီယာ(၆)ဦးတို့တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့ပါသည်။
     အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ (ပဉ္စမနေ့)အစည်းအဝေးတက်ရောက်မှုအခြေအနေကိုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၅)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ခြင်းနှင့်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာ‌ရေးနှစ် လုပ်ငန်းဆောင်ရွက်မှုနှစ်ချုပ်  အစီရင်ခံစာအားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်းနှင့်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီတွင် အဖွဲ့ဝင်(၁)ဦး ဖြည့်စွက်တာဝန်ပေးအပ်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိ များ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် (၁)ဦး အစားထိုးတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍  တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေး(ပဉ္စမနေ့)ကို (၁၂း၃၀) နာရီအချိန်တွင်‌ ရပ်နားခဲ့ပါကြောင်း နှင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။