သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာရှိ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာရှိ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ
***********************************************************************
ဖေဖော်ဝါရီ ၅ ၊ ထားဝယ်
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် သရက်ချောင်းမဲဆန္ဒနယ်အမှတ် (၂)မှ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်တို့သည် ယနေ့ နေ့လည် (၁၄း၀၀)နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ သင်းကျွန်း ကျေးရွာရှိ သင်းကျွန်းတိုက် ဘုန်း‌တော်ကြီးကျောင်းတွင် ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲတွင် သရက်ချောင်း မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်း‌ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်မှ  အဖွင့်အမှာစကားပြောကြားပြီး လွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်‌အေးက ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် စပ်လျဉ်းပြီး မေးမြန်း ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ပြန်လည် တင်ပြဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်း‌ဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ်က ဒေသခံပြည်သူများအား  ပြန်လည်ရှင်းလင်းတင်ပြ ခြင်းများ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲကို (၁၆း၀၀)နာရီ အချိန် တွင် ရုတ်သိမ်းခဲ့ပါသည်