တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပခြင်း
************************************************************************************
၂၄.၂.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပရာတွင်  ပထမဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက အမှာစကားပြောကြားပြီး တက်ရောက်လာသော လွှတ်တော်ရုံး ဝန်ထမ်းများမှ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး (၁၁၃၀)နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။