ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟော‌ပြောပွဲပြုလုပ်ခြင်း

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟော‌ပြောပွဲပြုလုပ်ခြင်း
***********************************************
မတ် ၁၉ ၊ ထားဝယ်
ယနေ့နေ့လည် (၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမှတ် (၁၁) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ ရဲမှူး မိုးကျော်နှင့်အဖွဲ့ဝင်များမှ
တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  ရှောင်ရန် ၊ ဆောင်ရန်များကို Power Point ဖြင့်  အသိပညာပေးရှင်းလင်းတင်ပြခြင်း၊   အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကာ တိုင်းဒေသကြီး လွှတ်‌တော်ရုံး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး  (၁၄း၃၀)နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။