ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် (အကြိုညှိနှိုင်း) အစည်းအဝေး ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန် (အကြိုညှိနှိုင်း) အစည်းအဝေး ကျင်းပခြင်း
**********************************************************************************
၂.၉.၂၀၂၀၊ ထားဝယ်
ယနေ့နေ့လည်(၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းတင် သွင်းဆွေးနွေးမည့် အဆို၊ မေးခွန်း ၊ ဥပဒေ များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်ကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၁၅၀၀) နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။