လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး မှ အလှူငွေ (၁)သိန်းကျပ် နှင့် Mask အခု(၃၀) ကို ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ သို့ လှူဒါန်း

(၁.၄.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး မှ ရေမလို လက်သန့် ဆေးရည်ပြုလုပ်ရန်အတွက် လက်သန့်ဆေးရည်ကုန်ကြမ်း ဝယ်ယူနိုင်ရန်အတွက် အလှူငွေ (၁)သိန်းကျပ် နှင့် Mask အခု(၃၀) ကို တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲ သို့ လှူဒါန်းခဲ့ပါသည်။