COVID-19 စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှုအခြေအနေအားသွားရောက်ကြည့်ရှုခြင်း

COVID-19 စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှုအခြေအနေအားသွားရောက်ကြည့်ရှုခြင်း
********************************************************
၇.၄.၂၀၂၀၊ ညနေ (၄) နာရီ၊ ထားဝယ်
         တနင်္သာရီတိုင်းဒေသကြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့သည် မေတ္တာတံတားထိပ်ရှိ COVID-19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် တာဝန်ကျဝန်ထမ်းများ၊ စေတနာရှင်လုပ်အားပေးများ၏  လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို သွားရောက်တွေ့ဆုံမေးမြန်းမှုပြုခဲ့ပါသည်။