မေတ္တာမြို့၊ COVID-19 စစ်ဆေးရေးဂိတ်စခန်းရှိ ကျန်းမာရေး ဝန်ထမ်း များနှင့် စေတနာရှင်လုပ်အားပေးအဖွဲ့များအတွက် ပစ္စည်းထောက်ပံ့ခြင်း

မေတ္တာမြို့၊ COVID-19 စစ်ဆေးရေးဂိတ်စခန်းရှိ  ကျန်းမာရေး ဝန်ထမ်း များနှင့် စေတနာရှင်လုပ်အားပေးအဖွဲ့များအတွက် ပစ္စည်းထောက်ပံ့ခြင်း
********************************************************
ဧပြီ ၉ ၊ ထားဝယ်
၉.၄.၂၀၂၀ရက်နေ့၊ ညနေ(၁၅း၀၀)နာရီအချိန်ခန့်တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးတို့သည်  ဦးဝင်းအောင်၊ ဒေါ်နေဇာဝင်း၊ သမီးဟန်စုခင်(စမိုင်းလင်းမိသားစု)၊ ဦးကျော်ထိုက်၊‌‌ ဒေါ်အေးအေးဝင်း(သဘော့ဆိပ်ကျေးရွာ) နှင့် ဒေါ်စန်းစန်းအေး (အလှသစ်) တို့မှ လှူဒါန်းသည့် စားနပ်ရိက္ခာများအား မေတ္တာမြို့၊ COVID-19 စစ်ဆေးရေးစခန်းရှိ  ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာရှင်လုပ်အားပေးအဖွဲ့များအား သွားရောက်ပေးအပ်ခဲ့ပါသည်။