တနင်္သာရီတိုင်းဒေသကြီးအတွင်း ခေတ်မီအထပ်မြင့်အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း၊ ဒီဇိုင်းပုံစံ၊ မူဝါဒများနှင့်အညီ တည်ဆောက်နိုင်ရန် စိစစ်မည့်ကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

**********************************************************************
မေ ၁၂ ၊ ထားဝယ်
ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခေတ်မီအထပ်မြင့်အဆောက်အဦများ  တည်ဆောက်ရာတွင် သတ်မှတ် စံချိန်စံညွှန်း၊ ဒီဇိုင်းပုံစံ၊ မူဝါဒများနှင့်အညီ တည်ဆောက်နိုင်ရန် စိစစ်မည့် ကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ ပါသည်။
ယင်းတွေ့ဆုံရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီဥက္ကဋ္ဌမှ ခေတ်မီအထပ်မြင့်အဆောက်အဦများ တည်ဆောက်ရာတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ကြုံတွေ့နေရသည့် အ‌ခြေအနေများ၊ ပြန်လည်ပြင်ဆင်ရမည့်အချက်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို (၁၂း၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။