တနင်္သာရီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား

တနင်္သာရီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား
******************************************************************
မေ ၁၂ ၊ ထားဝယ်
ယနေ့ နေ့လည်(၁၄း၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ COVID 19 အထောက် အကူပြုကော်မတီအဖွဲ့များနှင့် ဇမ္ဗူသီရိအဖွဲ့မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါသည်။  
တွေ့ဆုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းမှ COVID 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ပြီး တွေ့ဆုံရှင်းလင်းပွဲတက်ရောက်လာသူများမှ COVID 19 ရောဂါကာကွယ်၊ ကုသရေးအတွက် ခရိုင်(၃)ခရိုင်အလိုက် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကိစ္စရပ်များ၊ နေရာထိုင်ခင်း၊  လျှပ်စစ်မီးရရှိရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးပေးစေလိုသည့်အချက်များ၊ လိုအပ်သည့် ဒေသန္တရအမိန့်၊ ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပေးရေးကိစ္စရပ်များနှင့် ဖွဲ့စည်းရန် လိုအပ်မည့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၁၈း၁၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။