ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်(အကြိုညှိနှိုင်း)အစည်းအဝေး ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်(အကြိုညှိနှိုင်း)အစည်းအဝေး ကျင်းပခြင်း
*********************************************************************
*********************************************************************
၁၆. ၅. ၂၀၂၀၊ ထားဝယ်
ယနေ့၊ နေ့လည်(၁၃၀၀)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပနိုင်ရန်အတွက် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး ဦးမြင့်ဝေနှင့် ရုံးဝန်ထမ်းများတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်သို့ မေးမြန်းမည့် မေးခွန်းများ၊ တင်သွင်းမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ အသေးစိတ် တိုင်ပင်ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး အစည်းအဝေးအား (၁၄း၃၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။