တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမနှင့်ရုံးခန်းများအား ပိုးသတ်ဆေးရည်များ (အခမဲ့) လာရောက်ဖြန်း

တနင်္သာရီတိုင်းဒေသကြီးနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံ ဦးမိုးအောင်ကျော်နှင့်အဖွဲ့သည်  Covid-19 နှင့်အခြား ရောဂါပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေရေးရည်ရွယ်၍ ယနေ့ နံနက် (၀၉၀၀) နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမနှင့်ရုံးခန်းများအား ပိုးသတ်ဆေးရည်များ (အခမဲ့) လာရောက်ဖြန်းပေးခဲ့ပါသည်။